လေးမျက်နှာမြို့နယ်တွင် ပြည်သူ(၁၂၈)ဦးအား (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

လေးမျက်နှာ  နိုဝင်ဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်တွင်  ပြည်သူ(၁၂၈)ဦးအား  ယနေ့ နံနက်(၉) နာရီအချိန်မှစ၍  လေးမျက်နှာမြို့နယ်  နင်းကြမ်း‌ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဆေးထိုးစုရပ်များသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများမှ  လိုက်လံကြည့်ရှုအားပေးခဲ့ပြီး  လိုအပ်သည်များပူးပေါင်း ဆောင်ရွက်ရန်မှာကြားခဲ့သည်။  ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစီစစ်ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီးကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူ(၁၂၈)ဦးအား  (ပထမ)အကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင်  ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူများအား  ကာကွယ် ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မ တည့်ခြင်း၊ ဘေးထွက် ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေးအတွက်  ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေး ကြကြောင်းသိရသည်။

ကျော်ဟိန်း