ကော့မှူး နိုဝင်ဘာ ၂၃
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြသထားကြောင်း သိရသည်။
အဆိုပါ စာအုပ်ပြပွဲတွင် အမျိုးသားနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ စာဖတ်ဝါသနာရှင်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာစောင်များ၊ အမျိုးသားစာပေ ဆုရစာအုပ်များ နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အမျိုးသားအောင်ပွဲနေ့၏ နောက်ခံသမိုင်းကြောင်းများ၊ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာ များအား ထည့်သွင်းပြသထားကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သမိုင်းအကြောင်း အရာများ နံရံကပ်စာစောင်များအား နေ့ထူးနေ့မြတ်များ၊ အချိန်ကာလနှင့် လျောညီသည့် အသိပညာပေး မှုများကို ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရူနိုင်ရန် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကျော်သူရ ကော့မှူး