ကျိုက်မရော သြ ဂုတ် ၂၀
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီသို့ ရပ်ကွက်/ကျေးရွာ(၄၇)ခုမှတင်ပြလာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ကစ၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်းများအား စိစစ်ဆောင်ရွက်ရာ၌ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာပြီး(၂၁)ရက်ပြည့်မြောက်၍ ရပ်ကွက်/ကျေးရွာ(၄၇)ခုမှ တင်ပြလာသည့်မိမိအမည်စာရင်းတွင် မပါဝင်ပါကပုံစံ(၃)ဖြင့်တင်သွင်းရန်တောင်းဆိုခြင်း၊ မပါဝင် သင့်သည့် သူများပါဝင်နေပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်းနှင့်မဲစာရင်းပါ အချက်အလက်များ မှားယွင်းပါက ပုံစံ(၄−ဂ) တို့ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်းများအားစိစစ်ခြင်းလုပ်ငန်းကိုမြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များမှ မဲဆန္ဒရှင်စာရင်းများစိစစ်ရေးလုပ်ငန်းများကို အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ချိုချို(ပြန်/ဆက်)