ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူ များ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေး စည်းကမ်းချက် များနှင့်အညီ နိုဝင်ဘာ၂၄ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲက အဆိုပါစက်ရုံ ပင်စင်ဌာနစိတ်မှ သိရသည်။
သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာများအား နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ရာ ပင်စင်အမျိုးအစားအားလုံး လာရောက် ထုတ်ယူ ပေးကြ ပါရန်နှင့် ပင်စင်လစာများအား အမှတ် (၁) ရေနံချက်စက်ရုံ ရုံးကြီးရှိ ပင်စင်ဌာနစိတ်တွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပင်စင်လာရောက်ထုတ်ယူသည့်အခါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/ နှာခေါင်းစည်း (Mask) များ တပ်ဆင်လာကြရန်၊ ပင်စင်ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက်ထုတ်ယူ ကြရန်၊ ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေလာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကလေး ငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ အသိပေးထားရှိကြောင်း သိရသည်။