ဟိုပင်လူငယ်သင်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ များအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မိုးညှင်း   နိုဝင်ဘာ   ၂၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ လူငယ်သင်တန်းကျောင်းရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်အနေဖြင့် ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့တော်ခန်းမ၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ထိုကာကွယ်ဆေးထိုးနှံပေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့် ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများအား အခြေခံပညာကျောင်း များ ဖွင့်လှစ်ခဲ့ရာတွင် အချိန်မှီ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်တားဆီး နိုင်ရေးတို့အတွက် အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်များဖြစ်ကြသည့် ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၆၉)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၁၀၆)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ဒုတိယအကြိမ်အနေဖြင့် စနစ်တကျထိုးနှံ ပေးခဲ့‌ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့်‌ ကျောင်းသားကျောင်းသူများကို မိနစ် (၃၀)ခန့် အနားယူ‌စေကာ ကျန်းမာ‌ရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုတွင် မြို့အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ ဦးဝေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)