နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား  စတုတ္ထအသုတ်၊ပထမအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ၊ နိုဝင်ဘာ - ၂၃

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထ အသုတ်၊ ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီက စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက် ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစား ဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ (၅)ဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ် အထက်၊ပြည်သူ (၃၅၀ )ဦး အားထိုးနှံပြီး စုစုပေါင်း (၂၇၉၀)ဦးအား အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့်ပူး ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။             

ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)