ပုသိမ်ကြီး နိုဝင်ဘာ ၂၃
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းကို ယနေ့နံနက် ၉နာရီခွဲက ပုသိမ်ကြီးမြို့မဈေးနှင့် အထက ပုသိမ်ကြီးကျောင်းတို့၌ သွားရောက်ဖြန့်ဝေ ပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အား အခမဲ့ထုတ်ဝေဖြန့်ချီပေးခြင်းဖြစ်ပြီး၊ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေးအကြောင်း၊ အေးအတူ ပူအမျှ၊ ပညာရေးကဏ္ဍသည် အရေးကြီး စသည့် ကောက်နုတ်ချက်များနှင့် ကဗျာများ ပါဝင်ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေရာသို့ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ကြည်ကြည်နွဲ့ နှင့် ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)