နမ့်ခမ်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ ညနေပိုင်း(၃)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဆွေးနွေးပွဲ ကျင်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက မသန်စွမ်းသူများနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ မသန်စွမ်းသူများ အမျိုးအစားများ၊ ပညာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုရေးစောင့်ရှောက်မှုများ၊ နမ့်ခမ်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ မသန်းစွမ်းသူများရှိပါက ချိပ်ဆက်ဆောင်ရွက်ပေးသည့် ကိစ္စရပ်များနှင့် မသန်စွမ်းသူများ၏ အထိမ်းအမှတ်နေ့ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နမ့်ခမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အသက်အရွယ်မရွေး မွေးရာပါ မသန်းစွမ်းသူများနှင့် ထိခိုက်မှုများမှတစ်ဆင့် ကိုယ်အင်္ဂါရပ်များ မသန်းစွမ်းဖြစ်လာပါက နမ့်ခမ်းမြို့နယ်ရှိ လူမ ဝန်ထမ်းဦးစီးဌာနမှ ချိပ်ဆက်၍ ဆက်သွယ်စာရင်းပေးနိုင်ပြီး လိုအပ်သူအကူအညီးများမှ ဆက်လက်ကူညီ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)