တောင်ကြီးမြို့၌ Stay at home ကာလအတွင်းသတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေးအသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

တောင်ကြီး  နိုဝင်ဘာ  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသည့် ကာလအတွင်း ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို  နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ မှစ၍ တောင်ကြီးမြို့တွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် တောင်ကြီးမြို့နယ်သည် Stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန် လိုအပ်ပါက တစ်အိမ်လျှင်နှစ်ဦးသာသွားရောက်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ ပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန် မြန်မာ၊ ပအိုဝ့်၊ ရှမ်း ဘာသာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)