ညောင်ဦး နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပခဲ့ သည်။
အဆိုပါ စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ငါးနှစ်စီမံကိန်းများကို ဒေသအတွက် အမှန် တကယ်လိုအပ်သည့် လုပ်ငန်းများအား ဦးစားပေးရွေးချယ်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအရင်းမြစ်ဦးစီးဌာန၊ မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနများက ဆောင်ရွက် မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD