ရပ်စောက်မြို့နယ်၌ အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရပ်စောက်      နိုဝင်ဘာ  ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီး သည့်အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇော်ဂျီ ရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမနှင့် အခြားဆေးထိုးစုရပ်များ၌ ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း  (၃)ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (၇၄) ကျောင်း စုစုပေါင်း (၁၀၄)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား သတ်မှတ်ဆေးထိုးစုရပ်များ ဖြစ်သည့် ရဿဝတီခန်းမ၊ ဗထူးအခြေခံပညာ အထက်တန်းကျောင်း၊ ပင်ဖြစ်အခြေခံပညာ အထက်တန်းကျောင်း၊ ကောင်းဘို့အခြေခံပညာ အထက်တန်းကျောင်းနှင့် အင်တော အခြေခံပညာ အထက်တန်း ကျောင်းတို့တွင်ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်ခံ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)