ချောင်းဆုံ ဩဂုတ် ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်ကလေးသူငယ်အခွင့်အရေးကော်မတီဝင်များနှင့် ရွှေကျွန်းသာလူမှု ကွန်ယက်မှဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်နှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် အကြောင်း ဆွေးနွေးခြင်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ချောင်းဆုံမြို့နယ်၏တာဝန်ခံ Case Manager ဦးဉာဏ်မင်းအောင်က ကလေးသူငယ်အမှုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း ကိုယ်ဝန်ဆောင်မိခင်အား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်အား ဆွေးနွေးခြင်း ရွှေကျွန်းသာကွန်ယက်မန်နေဂျာဦးသန့်ဇင်ဝင်းက ကလေးသူငယ်အခွင့်အရေး မြှင့်တင်ခြင်းအစီအစဉ် ဆောင်ရွက်မှုအခြေအနေကိုတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ကော်မတီဝင် ရဲအုပ်မိုးအောင်နှင့် ဒေါက်တာအောင်ချမ်းငြိမ်း တို့မှ ကျန်းမာရေး ကဏ္ဍ အနေနှင့် ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (Child Rape) အဖြစ်ခံရသည့်ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)