ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ (၂၂)ရက်နေ့က မဲပလီကျေးရွာအုပ်စု၊ အလိန်လည်ကျေးရွာအုပ်စုနှင့် တလိုင်မှီကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ တိုက်နယ်မှူး ဒေါ်စန်းသူဇာနှင့် ဝန်ထမ်းများက မဲပလီကျေးရွာအုပ်စုတွင်
မဲပလီကျောင်းဆရာတော် ဥူးတိလောကအား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို လျှောက်ထားခဲ့ကြကာ မဲပလီကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၀) ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ (၆)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၉၉)ဦး စုစုပေါင်း ကျေးရွာနေပြည်သူ (၁၀၅)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၅) ကတ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ အလိန်လည်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၅)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ (၇၆)ဦးနှင့် တလိုင်မှီကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀) ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ (၄)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ (၆၅)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက် နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ (၂၂) ရက်နေ့အထိ အသက်(၁၀) ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ (၆၁၉)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသူ (၄၀၂၃)ဦး စုစုပေါင်းကျေးရွာနေ ပြည်သူ(၄၆၄၂)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကာ ပြုလုပ်ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများ လက်ဝယ် အရောက် ပေးအပ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)