မိုင်းရှူးမြို့နယ်တွင် နိုဝင်ဘာ၂၂ရက် နေ့တွင် အသက်(၄၅)နှစ်အရွယ်အမျိုးသားတစ်ဦး၌ ကိုဗစ်ရောဂါ ပိုးထပ်မံတွေ့ရှိ

မိုင်းရှူး   နိုဝင်ဘာ   ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၃)ဃ၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၃၄) ဦး၊ ပေါင်း (၃၇) ဦးကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့်စစ်ဆေးရာ လွိုင်ဆောင်ထောက်တိုက် နယ်ဆေးရုံမှ စစ်ဆေးသည့် သူများအနက် အသက်(၄၅) အရွယ် အမျိုးသားတစ်ဦး ၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။

မိုင်းရှူးမြို့၌ဇူလိုင်လ ၄ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာ (၄၃၉) ဦး ၊ဆေးရုံဆင်း သူပေါင်း(၄၁၀) ဦး ၊ကုသဆဲ(၁၈) ဦး ၊သေဆုံးသူပေါင်း(၁၁) ဦး ၊လွိုင်ဆောင် ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ(၅)ရက်နေ့မှ ယနေ့ထိ ပိုးတွေ့အတည်ပြုလူနာ (၁၅၃) ဦး ၊ဆေးရုံဆင်းသူ ပေါင်း(၁၃၇) ဦး ​၊ ကုသဆဲ(၆) ဦး ၊သေဆုံး(၁၀) ဦး ၊ မိုင်းစံ တိုက်နယ် ဆေးရုံတွင် သြဂုတ်လ(၁၁)ရက်နေ့မှ ယနေ့ထိပိုးတွေ့အတည်ပြုလူနာ (၆) ဦး ၊ဆေးရုံဆင်းသူ (၆) ဦးရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက် နေ့မှ ယနေ့ အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း (၅၉၈) ဦး ၊ ဆေးရုံဆင်းသူပေါင်း(၅၅၃) ဦး ၊ သေဆုံးသူ(၂၁) ဦးရှိပြီး အတည်ပြုလူနာ(၂၄) ဦး မှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

တောင်ပေါ်သူ(မိုင်းရှူး)