ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်  နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို နိုဝင်ဘာ ၉ ရက်နေ့မှစ၍ နေ့စဉ် မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (၁ဝ)ဦး၊ မြို့သာဇုံမှ (၆၀)ဦး၊ ငါန်းမြာဇုံမှ (၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၂၅) ဦး၊ သားကျင်ဇုံမှ (၁၅)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (၅)ဦး ၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက် (၁၈)နှစ်အထက် စုစုပေါင်း(၁၂၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ နိုဝင်ဘာ ၉ရက်နေ့မှ ၂၂ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ (၉၂၀)ဦး ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)