တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်   “စာဖတ်စည်းစိမ်”   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို   ယနေ့ နံနက်(၁၀) နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိစေရန်  အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။   စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက မင်းကိုယ်မင်းပြန်ကြည့်စမ်းပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်ဌေးဌေးဝင်းက “သူရဲဘောနည်းသူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က အနုပညာနှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေးဒေါ်တင်မိုးခိုင်က “ဘဝအမော” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး  ဦးရဲဝင်အောင် နှင့်ဝန်ထမ်းများက အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)