ညောင်ဦး နိုဝင်ဘာ ၂၃
နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုဝင်ဘာ ၂၃ ရက်နေ့မှစတင်ပြီး ရုံးတွင်း၊ ရုံးပြင်ရှိ နံရံကပ်ဘုတ်များတွင် အမျိုးသားနေ့နှင့်သက်ဆိုင် သည့် နံရံကပ်စာစောင်များအား ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှု့နိုင်ရန် နံရံကပ် စာစောင်ပြသပေးထားကြောင်း ညောင်ဦးမြို့နယ်၊ ဦးစီးမှူး ဒေါ်ချိုချိုမာထံက သိရသည်။
နံရံကပ်စာစောင်တွင် ထုတ်ဝေပြီးခဲ့သည့် နေ့စဉ်ထုတ် သတင်းစာများထဲမှ အမျိုးသားနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် ကိုလိုနီခေတ် ရန်ကုန်အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦးတို့၏ အမျိုးသား စိတ်ဓာတ်များကို အတုယူတတ်စေရန်နှင့် အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ၊ ပြည်သားများနှင့် ကျောင်းသား၊ ကျောင်းသူများ သိမှတ်ဂုဏ်ယူတတ်စေရန် ရည်ရွယ်ပြီး ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နံရံကပ် စာစောင်ပြသခြင်း ဖြစ်ကြောင်း သိရသည်။
နံရံကပ်စာစောင်ပြသထားခြင်းအား နိုဝင်ဘာ ၂၃ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်နေ့ အမျိုးသား အောင်ပွဲနေ့ထိ ပြသပေးသွားမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။
ကိုထိန်၊KPD