သံဖြူဇရပ် သြဂုတ် ၂၀
မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်သည်။ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယု (နန္ဒာမောင်)က အဖွင့်အမှာစကား
ပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး က စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ပြောကြားသည်။ဆက်လက်၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့်"ပန်းလိုချင်အပင်ကိုပျိုး
တတ်မှ" စာအုပ်ပါ အကြောင်းအရာ များကို ဦးစံသောင်း (မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ) ဦးမင်းကျော်ဝင်း(မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး))၊ ဦးကျင်ဟုတ်(ရွှေပန်းချီ) တို့မှပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်စာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာ များကိုပြန်လည်မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ အေးအေးသီ