သံဖြူဇရပ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ပြုလုပ်

သံဖြူဇရပ် နိုဝင်ဘာ ၂၃

မြန်မာတစ်မျိုးသားလုံးအနေဖြင့် ဗြိတိသျှအစိုးရချမှတ်သည့် တက္ကသိုလ်အက်ဥပဒေကို တိုက်ဖျက်ရန် စတင်သပိတ်မှောက်ခဲ့သည့်နေ့၊ မြန်မာတစ်မျိုးသားလုံး  မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ နေ့တစ်နေ့တွင်ပါဝင်သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲ ၁ နာရီကသံဖြူဇရပ်မြို့နယ်၊  လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ ဦးမင်းကျော်ဝင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဆွေးနွေးပေးသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် Online မှတစ်ဆင့် ပညာပေး လုပ်ငန်းများကို  အရှိန်အဟုန် မပျက်ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)