နွားထိုးကြီး နိုဝင်ဘာ၂၃
နွားထိုးကြီးမြို့တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရန် စည်းကမ်းချက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက နွားထိုးကြီးမြို့ပေါ် ရပ်ကွက်များရှိလမ်း ဆုံများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် စီးနှင်းသူများအနေဖြင့် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက်တွင် အမျိုးသမီး စီးနိုင်သည်၊ မော်တော်ဆိုင်ကယ်စီးလျှင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ရမည်၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသော အသံကျယ် (အိပ်စောမှထွက်သည့်အသံ) ကျယ်ဖြင့် မစီးရ အထက်ပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်