မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ကျင်းပ

မန့်ဟီးရိုး    နိုဝင်ဘာ   ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁) နာရီ အချိန်က အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ကိုကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ (Talk Show) တွင် မန့်ဟီးရိုးမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးတင့်က မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့ အောင်ပွဲနေ့ကို ကျောင်းသား၊ လူငယ်လူရွယ်များ၊ ပြည်သူများအားလုံး မမေ့မလျော့တတ်ကြစေရန်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်အတွက် ပြည်သူများ အားလုံး ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် အရေးကြီးပါကြောင်း ဆွေးနွေးခဲ့ပါသည်။

မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်များကို ပြည်သူများအား အခမဲ့ ငှားရမ်းပေးခြင်းသာမက အသိပညာပေး (Talk Show)များ၊ ကလေးငယ်များအတွက် Online မှအသိပညာ၊ ဗဟုသုတ တိုးပွားစေရေးအတွက်နည်းလမ်းမျိုးစုံဖြင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဆိုင်းမိုင်(မန့်ဟီးရိုး)