ချမ်းအေးသာစံမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ  နိုဝင်ဘာ ၂၂

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင် ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်သူများ အသိပညာ ဗဟုတများ တိုးပွားစေရန် ရည်ရွယ်၍ စာအုပ်ပြပွဲကျင်းပခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိ သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလှိုင်