သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၂
မြန်မာသက္ကရာဇ် ၁၃၈၃ခု နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်စီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဖြိုးသာရ ရေးသားသည့် မြန်မာနိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ စာအုပ်အား စာရေးဆရာမ တင့်တယ်ခင်က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းကို တက်ရောက်လာကြသော စာပေ ချစ်မြတ်နိုးသူစာဖတ် ပရိသတ်များနှင့်အတူ အမျိုးသား နေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စန္ဒာမိုး