တန့်ယန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အား ထိုးနှံပေးပြီးဖြစ်ရာ ဒုတိယအကြိမ် ဆေးထိုးနှံရန် ရက်ပြည့်မြောက်သူများ အား ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်၍ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးရာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)