သာစည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြနရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးမျိုးသက်ကျော်က မိတ္ထီလာ-တောင်ကြီးကားလမ်း သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စုတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်တွင် ဆောင်ရွက်ထားမှုများ၊တာဝန် ကျဌာနများအနေဖြင့် မပျက်မကွက် ပူးပေါင်းဆောင်ရွက်ပေးရေး၊ အောက်ဆီဂျင်စက်ရုံ ဆောင်ရွက်မှုအခြေအနေ များ၊ မြို့နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုများကို မိမိတို့သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်း တင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်