စဉ့်ကိုင် နို၀င်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ သမိုင်းကို ပိုမိုသိရှိစေရန်နှင့်အသိပညာ ဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ် ၍ ပုံပြော ၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲများ ကို ဆက်လက် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးဝင်းကြည် (စဉ့်ကိုင်)၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြပြီး အဆိုပါ အခမ်းအနား၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခဲ့ပြီး သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်