လင်းခေး နိုဝင်ဘာ၂၂
လင်းခေးမြို့နယ်တွင် အများပြည်သူတို့အနားယူ အပန်းဖြေနိုင်မည့် လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူကြသည့် ပြည်သူများအနေဖြင့် ဆေးရုံပန်းခြံအတွင်း အနားယူ အပန်းဖြေနားနေနိုင်လာတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပန်းခြံအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ် လမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပန်းခြံတည်ဆောက်ရေးလုပ်ငန်း ပြီးစီးသွားပါက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျက် ရှိကြသည့် လူနာ၊ လူနာစောင့်၊ လူနာကြည့်များ အနားယူနိုင်ကြမည်သာမက ကလေးသူငယ်များ ဆော့ကစားနိုင်မည့် ကစားကွင်း၊ ရေတံခွန်အလှ၊ ပန်းအလှ မျိုးစုံနှင့် ပန်းခြံပုရိဝုဏ်အတွင်း လျှောက်လမ်း(၄) ခုတို့ပါဝင် အလှဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်း ပြီးစီးအောင်မြင်ရန် ခန့်မှန်းတွက်ချက်လျာထားချက် ကျပ်(၁၀၀) သိန်း ကုန်ကျမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
၄င်းတည်ဆောက်ရေးအတွက် စေတနာအလှူရှင်များ မည်သူမဆို နည်း/များမဟူ အလှူငွေ (သို့မဟုတ်) ပန်းအလှ (ပျိုးပင်မျိုးစုံ) တို့ကိုလည်း တည်ဆောက်ရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာတို့နှင့် ဆက်သွယ်ကာ လာရောက်ပါဝင်လှူဒါန်းနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)