မြောက်ဦး နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြောက်ဦး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နံရံကပ် ဓါတ်ပုံ ပြပွဲနှင့် နံရံကပ်စာစောင်များအား ယနေ့ နံနက် ၁၁ နာရီအချိန်က ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအားခင်းကျင်းပြသရာတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ရုံးအတွင်းရှိ Community Centre ခန်းမအတွင်း၌ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော သိမှတ်ဖွယ်ရာ အကြောင်းအရာ ဗဟု သုတများအား ဝေဝေဆာဆာပြသထားရှိပြီး အနာဂတ်ကြယ်ပွင့် များဖြစ်သော ကျောင်းသား/ ကျောင်းသူ လူငယ်မောင်/မယ်များအနေဖြင့် လေ့လာကြည့်ရှုနိုင်ရန်အတွက် ယခုကဲ့သို့ ခင်းကျင်း ပြသပေးထားခြင်းဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်း စာရေး ဦးတင်ဝင်းမှ လာရောက်ကြည့်ရှုကြသော ကျောင်းသား/ ကျောင်းသူ များကို အမျိုးသား အောင်ပွဲနေ့စတင်ဖြစ်ပေါ်လာပုံ၊ အမျိုးအောင်ပွဲနေ့အစ ပထမကျောင်းသား သပိတ်က၊ ကျွန်ပညာ ရေးစနစ်အား တွန်းလှန်ဆန့်ကျင်ကာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ရာမှ အစ ပြုလာသည့် အမျိုးသား အောင်ပွဲ နေ့ဖြစ် ပေါ် လာပုံသမိုင်းကြောင်းများအား ပြောကြားခဲ့ပြီးနောက် ကျောင်းသား/ကျောင်း သူများမှ ခင်းကျင်းပြသထားသော နံရံကပ် ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ စောင်ပြပွဲများအား စိတ်ပါဝင် စားစွာဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)