ပင်းတယမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၁) နှစ်​မြောက် အမျိုးသား​​အောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ပင်းတယ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ ဒေသအဆင့်ရုံး (ပင်းတယမြို့)၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက်ပိုင်းက "(၁၀၁) နှစ်​မြောက် အမျိုးသား​​အောင်ပွဲနေ့အထိမ်းအမှတ်" အဖြစ် စာရေးဆရာ လွင်သူဦး ရေးသားသည့် "တိုင်းပြည်တည်​ဆောက်ခြင်းအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့​ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသအဆင့်ရုံး (ပင်းတယ) မှ လက်​ထောက်ညွှန်ကြား​ရေးမှူး (တာဝန်​ပေး) ​ဒေါ်ကြူကြူလှိုင်က လူထုအခြေပြုဗဟိုဌာန Community Centre ဖွင့်လှစ်၍ အသိပညာပေး ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသည့် ဝါသနာတူ စာပေဝါသနာရှင်များက " တိုင်းပြည် တည်​ဆောက်ခြင်းအနုပညာ" စာအုပ်မှ "အမှိုက်၊ ​​ရှေ့သို့ အ​ရွေ့နှင့် သင်ယူ​လေ့လာဘဝတစ်သက်တာ" စသည် အကြောင်းအရာ များကို အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး