မိုင်းယန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ မွန်ကဲဘုန်းတော်ကြီးကျောင်းနှင့် ပါကန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အခမဲ့သွားရောက် စစ်ဆေးပေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များနှင့် လူမူရေးအသင်းအဖွဲ့များက မိုင်းယန်းမြို့အတွင်းရှိ မွန်ကဲဘုန်းတော်ကြီးကျောင်းနှင့် ပါကန်ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်(၄၉)ပါးတို့အား RDT Test Kit ဖြင့် အခမဲ့ သွားရောက် စစ်ဆေးပေးခဲ့ရာ သံဃာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၅၅) ဦး တွေ့ရှိသည့်အနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ (၁၃၇) ဦး ရှိကြောင်း သိရသည်။
ခွန်ရဲထွေး (ဆီဆိုင်)