ကျေးသီးမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကျေးသီး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က Talk Show ဆွေးနွေးပွဲပြုလုပ် ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ မသန်စွမ်းအမျိုးအစား (၄)မျိုး သတ်မှတ်ထားပါတယ်၊ အဲဒါကတော့  အမြင်အာရုံ ချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါ ချို့တဲ့သူနှင့် ဉာဏ်ရည်ချို့တဲ့သူတို့ပဲ ဖြစ်ပါတယ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဉပဒေကို ၂၀၁၅ ခုနှစ်ဇွန်လ ၅ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး မသန်စွမ်းသူ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းထားခဲ့ပါတယ်၊ မသန်စွမ်းမှု အမျိုးအစား အလိုက် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဌာန၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ နားမကြားသောကလေးများ ကျောင်းများ ကို ဖွင့်လှစ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ် စသည်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ရိုက်ကူးထားသည့်အစီအစဉ်များကို ကျေးသီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook  Page နှင့် We Love Kehsi Page များတွင် Online စနစ်ဖြင့် လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)