မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်းချလျက်ရှိသော ဆိုင်များအား နံနက်ပိုင်းထိသာရောင်းချရန် လိုက်လံအသိပေးခြင်းဆောင်ရွက်

မိုင်းဆတ်       နိုဝင်ဘာ   ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်းချလျက်ရှိသော ဆိုင်များအား နံနက်ပိုင်းထိသာရောင်းချရန် လိုက်လံအသိပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့မှု နှုန်းမြင့်တက်နေသည့်အတွက် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် စည်ပင်သာယာနယ်နိမိတ်အတွင်း ဈေးရောင်းချလျက်ရှိသော ဈေးများ၊ အိမ်ဆိုင်များ၊ စားသာက်ဆိုင်များ၊ လမ်းဘေးရောင်းချလျက်ရှိသော ဆိုင်များအား (၂၁.၁၁.၂၀၂၁)ရက်နေ့မှ(၃၀.၁၁.၂၀၂၁) ရက်နေ့အထိ နေ့စဉ်နံနက်(၄)နာရီမှ မွန်းတည့်(၁၂)နာရီအထိသာ ဖွင့်လှစ်ရောင်းချသွားရန်နှင့် မွန်းတည့် (၁၂)နာရီကျော်ပါက ဆိုင်များအားလုံးပိတ်သိမ်းသွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)