မိုင်းလုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉းဝဝ) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ စာအုပ်စာစောင်ပြပွဲတွင် အမျိုးသားနေ့နှင့်ပတ်သက်သည့် စာအုပ် စာစောင်များနှင့် အခြားသုတ၊ ရသစုံစာအုပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရပြီး၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကလေးငယ်များ သိရှိပြီး ဗဟုသုတ တိုးပွားစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်ရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုတက်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အမှား အမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် စာအုပ်စာစောင်များ ခင်းကျင်းပြသထားသည်ကို မိုင်းလုံမြို့နေ ကလေးငယ် များမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)