အမ်း နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျေင်းသူများအား စာကြည့်တိုက်သို့ လာရောက်ပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ ဉာဏ်ရည်ထက်မြတ်ပြီး စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို လူထုအခြေပြု ဗဟိုဌာနခန်း၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်ပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင် က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ် (၂) အခြေခံပညာအလယ်တန်ကျောင်းမှ တတိယတန်းကျောင်းသား မောင်ရဲလင်းကျော်မှ (ဇာတ်လမ်း) ကျော်မြင့်၊ (သရုပ်ဖော်)ဝင်းဖေ ရေးသားသည့် ပလတ်စတစ် အိတ်ကလေး၏ ခရီးစဉ်စာအုပ်အား ဆွေးနွေးဖတ်ကြားခဲ့ပြီး တတိယတန်း ကျောင်းသူ မရှင်းသန့်အိမ်က ပလတ်စတစ် အိတ်ကလေး၏ လူတွေကိုအများကြီးအကျိုးပြုပုံ၊ လူတွေက ပလစ်စတစ်အိပ်ကို အသုံးပြုပုံ၊ သူရဲ့အစွမ်းတ္တိက နှစ်ပေါင်များစွာကြတဲ့အထိ မပျက်စီးပဲ နေနိုင်တဲ့အကြောင်း၊ သူ့နေရာနှင့်သူ စနစ်တကျ စွန့်ပစ်ပေးကြဖို့အကြောင်း ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင်က စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် ပလတ်စတစ်အိတ်ကလေး၏ ခရီးစဉ်စာအုပ်မှ သိရှိလိုသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အပြန်အလှန်ဆွေးနွေးပေးခဲ့ သည်။
စိုးမင်းထွန်း