စဉ့်ကိုင် နို၀င်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးယိုနှင့် ဖျော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အတတ်ပညာများ တက်မြှောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ ဆင်းရဲမှုနှုန်း ထား လျော့နည်းသွားစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးအေးမင်းနိုင်က ပြောကြားခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးယိုနှင့် ဖျော်ရည်လုပ်နည်းသင်တန်းသို့ သင်တန်း သား/သူ (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(ပြန်/ဆက်)