မံစီ နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ အသက် (၁၂)နှစ်နှင့်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများအား ယနေ့ နံနက် ၉ နာရီခန့်က စတင်၍ သတ်မှတ်ထားသည့််ဆေးထိုးစု ရပ်နေရာများ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယ အကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မံစီမြို့နယ်အတွင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinovac ကာကွယ်ဆေး ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ အခြေခံပညာ အထက်တန်း ကျောင်း(ဟန်ထက်)နှင့် အခြေခံပညာအထက်တန်းကျောင်း (စီခမ်းကြီး) တို့၌ ဆေးထိုးစုရပ်များနေရာများသတ်မှတ်၍ ပထမအကြိမ်တွင် ထိုးနှံပေးခဲ့သည့် ကျောင်းသားကျောင်းသူစုစုပေါင်း (၃၄၀)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တာဝန်ယူကာ ဒုတိယအကြိမ် ထပ်မံထိုးနှံဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများမြို့နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် အဖွဲ့ဝင် များ၊ မံစီမြို့နယ်စီမံအုပ်ချုပ် ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိန်းဖြူ