တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှိုးဆော်

တောင်သာ နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့  ဒေသခံပြည်သူ များအား    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန် က လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာစေရန်အတွက် ကျန်မာရေး ဦးစီးဌာနသို့ သွားရောက် ပြသရန်၊  အသက်ကြီးတဲ့သူတွေ၊  နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ ကိုယ်ခံ အားနည်းတဲ့သူတွေအတွက်   ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါအကောင်းဆုံး ကာကွယ်ဖို့နည်းလမ်းတွေကတော စနစ်တကျ လက်မဆေးပဲ   မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊  တက်နိုင် သလောက် မိမိလက်နဲ့မျက်နှာကို

မထိတွေ့စေဖို့သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ၊ အစား အသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေးဝန်ကြီးဌာနက  အချိန်နဲ့ တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်များအတိုင်း   လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့    ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း နှိုဆော်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)