မောက်မယ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ မြို့အဝင်/အထွက် ဂိတ်များတွင် ပြည်သူများအား Mask များကို စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ RDT Test Kit ဖြင့် စစ်ဆေးပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်း စာရင်းကောက်ယူ၍ ထိုးနှံပေးပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၆ နာရီကစတင် ပြုလုပ်ခဲ့သည်။
အဆိုပါအထူးစီမံချက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က လမ်းသွားလမ်းလာ ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေးပြီး လမ်းသွားလမ်းလာ ပြည်သူများအား Mask များကိုစနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိ ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ RDT Test Kit ဖြင့် စစ်ဆေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်း စာရင်းကောက်ယူ၍ ထိုးနှံပေးခြင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး RDTဖြင့် စစ်ဆေးသည့် ပြည်သူများထဲမှ ကျား(၁)ဦးပိုးတွေ့ခဲ့ရာ ကုန်းလမ်းရပ်ကွက်ရှိ Positive Centre သို့ ပို့ဆောင်ပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ချက်ချင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)