လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်‌ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေး

လဲချား  နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က နားမန်းကျေးရွာ အုပ်စု ဝမ်မိုင်ကောင်းဆန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ‘‘ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’’ ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု-လဝကမှူး ဦးစိုင်းရွက်ဖ နှင့် ဝန်ထမ်းများက‌ နားမန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ်အထက် (၄၅)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လဲချားမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း လုပ်ငန်း များကို ကျေးရွာအုပ်စုများအလိုက် အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

လွှမ်းသူနောင် (လဲချား)