နမ္မတူ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းနှင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့အား ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အမှတ်-၁ အခြေခံ ပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် မိတ်ဆွေကောင်လူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်နှင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့မှ တာဝန်ရှိသူများက နမ္မတူမြို့နယ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့် အဖွဲ့များ ကွင်းဆင်းကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုနိုင်ရေး အတွက် Surgical ground (၁)ခု၊ Face Shield (၁)ခု၊ 3 Ply Mask (၁)ခု၊ လက်အိတ် (၂)စုံ၊ ခေါင်းစွပ် (၁)လုံး၊ KF 94 Mask (၁)ခု စသည့် ပစ္စည်း (၆)မျိုးပါ Surgical Ground Set (၂၀)စုံ၊ PPE ခေါင်းစွပ် (၂၀)ခု၊ ခြေစွပ် (၁၀)ခု၊ 3M Mask (၂၀)ခုပါ တစ်ဗူး၊ ရေမလိုလက်သန့်ဆေးရည် (၅)လီတာဗူး တစ်ဗူးတို့အား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦး လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
လူမော်