ကျိုက်မရော နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယာဉ်မတော်တစ်ဆဖြစ်ပွားမှု လျော့နည်းစေရန်နှင့် လိုင်စင်မဲ့ယာဉ်များ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်ကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျိုက်မရောမြို့အဝင် လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ ယခုကာလသည် တန်ဆောင်တိုင်ပွဲတော်ကာလပြီး၍ လူအများခရီးသွားလာမှုများ အရှိန်အဟုန်မြှင့် လာသည်နှင့်အမျှ စည်းကမ်းမဲ့ မောင်းနှင်နေသော ယာဉ်များ၊ ဆိုင်ကယ်မောင်းသူများကြောင့် ယာဉ်မတော်တစ်ဆမှုများ ဖြစ်နေသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ကျိုက်မရော-မော်လမြိုင်သွား ကားလမ်းမပေါ်၌ မောင်းနှင်သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်လိုင်စင်နှင့် အမောင်းလိုင်စင်များ သက်တမ်း တိုးထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်ကိုအန္တရာယ်ဖြစ်စေသည်အထိ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများကို ရပ်တန့်ခိုင်းစေပြီး အသိပညာပေး ဆွေးနွေးခြင်း၊ ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ နံပါတ်ပြားမတပ်ထားသူများအား နံပတ်ပြားတပ်ခိုင်းခြင်းများကို ချက်ချင်းဆောင်ရွက်စေခြင်း၊ ဆိုင်ကယ်များအတွက် ပါဝါအိတ်ဇောများ တပ်ဆင်၍ အသံကျယ်လောင်စွာ မောင်းနှင်သူများကို စစ်ဆေး အရေးယူခြင်းများကို မြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ ယာဉ်အန္တာရယ် ကင်းစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)