ပင်းတယမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေး

ပင်းတယ   နိုဝင်ဘာ  ၂ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဒုတိယအသုတ် အဖြစ် ယနေ့တွင် သက်ဆိုင်ရာစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက် ရှိသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမရေးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပင်းတယမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြင်းမူး ကျေးရွာ အ.ထ.က(ခွဲ)နှင့် ကျုံးကျေးရွာ အ.ထ.က ကျောင်းများရှိ သက်ဆိုင်ရာ စုရပ်များ၌  ကျောင်းသားကျောင်းသူစုစုပေါင်း (၅၂၁) ဦးအား ထိုးနှံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သိရသည်။