မိုင်းဖြတ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်းပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန် နေ့ နံနက်ပိုင်းက ဝမ်ပုံကျေးရွာနှင့် ဝမ်ယန်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးပေးရာတွင် Covid-19 FeverClinicမှ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၊ မိုင်းဖြတ်လူမှုရေးကူညီ မှုအသင်းဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝမ်ပုံကျေးရွာနှင့် ဝမ်ယန်းကျေးရွာမှ ကျေးရွာနေပြည်သူ (၂၇၀)ဦးကို စစ်ဆေးပေးခဲ့ရာ (၁)ဦး၌ ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိ ခဲ့သည်။
အဆိုပါ စစ်ဆေးပေးနေမှုအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ရဲမှူး အောင်မျိုးနှင့်အဖွဲဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
ယနေ့တွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုများအရ မြို့နယ်ပြည်သူ့ဆေးရုံရှိ Fever Clinic၌ စစ်ဆေးသူ (၂၄)ဦးအနက် ရောဂါပိုးတွေ့ရှိသူ (၃)ဦး၊ ဝမ်ပုံနှင့် ဝမ်ယန်းကျေးရွာ၌ စစ်ဆေးသူ (၂၇၀)ဦး အနက် (၁)ဦး စုစုပေါင်း(၄)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
သန်းထွန်းအေး