ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၅၈၅)ဦးရှိပြီး ဆေးဝါးကုသမှုခံယူနေသူ(၂)ဦးရှိ

ကျောက်ဆည် နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှပြန်လည် ဆင်းခွင့်ရရှိသူ(၅၈၅)ဦးရှိ၍ ဆေးဝါးကုသမှု ခံယူနေသူ(၂)ဦး ရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူနှင့် ထိတွေ့ခဲ့သူများအား နေ့စဉ် Test  Kit ဖြင့် စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ အမျိုးသား(၃၈၀)ဦး၊ အမျိုးသမီး (၃၁၁)ဦး၊ စုစုပေါင်း (၆၉၁)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၂၈)ဦး၊ အမျိုးသမီး(၂၅၇)ဦး၊ စုစုပေါင်း (၅၈၅)ဦး၊ သေဆုံးသူ အမျိုးသား(၅၂)ဦး၊ အမျိုးသမီး(၅၂)ဦး စုစုပေါင်း(၁၀၄)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသည့် အ အမျိုးသမီး(၂)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)