မိုင်းလုံမြို့တွင် (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင် ပြသ

မိုင်းလုံ  နိုဝင်ဘာ   ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊ မှတ်တမ်း ဓါတ်ပုံ များအား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ( ၉းဝဝ ) နာရီ အချိန်ခန့်က (၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ကို ပြသ ဆောင်ရွက် ခဲ့သည်။

 အဆိုပါ နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏  နောက်ခံသမိုင်းကြောင်းများ၊  သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊  ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသား အောင်ပွဲနေ့ဂုဏ်ပြု  ကဗျာများအား  ထည့်သွင်းပြသထားသည်။

  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းလုံမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုတ ပိုမိုရရှိနိုင်စေရန်အတွက်  မြေစိုက်နံရံကပ်ပြဘုတ်နှင့်   နံရံကပ်စာစောင်ကို  နေ့ထူးနေ့မြတ်များ၊   အချိန် ကာလနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်လဲလှယ်  ပြသပေးလျက် ရှိကြောင်း သိရသည်။

ဇော်ဇော်