မိုင်းလုံ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်ရက်နေ့နံနက် ၁၀ နာရီ အချိန်က မိုင်းလုံမြို့ အထက်ရပ်ကွက်တွင် သွားရောက် ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆာင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ အတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး အထက်ရပ်ကွက်အတွင်းရှိ ပြည်သူများကို စုရပ်အဖြစ် ဦးကျော်ဇံ၏ နေအိမ်တွင်သတ်မှတ်၍ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဇော်ဇော်