ရန်ကင်းမြို့နယ်တွင် ဆန်နှင့်ဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရန်ကင်း     နိုဝင်ဘာ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဘောက်ထော်ဈေးတွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းမှ မြို့နယ်နေပြည်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆန်နှင့်ဆီများအား ယနေ့နံနက်(၇)နာရီမှ စတင်ရောင်းချပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံဆန်ကုန်သည် ကြီးများအသင်းမှ ဆန်ချော (၅)ပြည်အိတ် (၁)အိတ်လျှင် (၈၅၀၀)ကျပ်နှုန်း၊ ဆန်ကြမ်း(၅) ပြည်အိတ် (၁)အိတ်လျှင် (၅၀၀၀) ကျပ်နှုန်း၊ ဆီ (၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချရာတွင် ဆန်ချော (၈၀)အိတ်၊ ဆန်ကြမ်း (၆၀)အိတ်၊ဆီ (၂၀၀)ဘူး  တို့ကို မြို့နယ်နေပြည်သူများအား ရောင်းချပေးခဲ့ ကြောင်းသိရသည်။

အေးအေးသွယ်(ပြန်/ဆက်)