ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

ဒဂုံမြောက်၊ နိုဝင်ဘာ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေ ဦးစီးဌာန ၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြုလုပ်ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ အသက်(၁၈) နှစ်နှင့် အထက် မဲဆန္ဒပေးနိုင်သူ ပြည်သူများ မကျန်ရှိစေရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တွင် ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား လုံးက စာရင်းမှန်ရရှိရေး ပူးပေါင်းပါဝင် ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်သဇင်အေးက  မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအားလုံး လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အတွက် သန်းခေါင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ လူဦးရေစာရင်းများ တိကျမှန်ကန်စွာ စစ်ဆေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ဌာနဆိုင်ရာများမှလည်း ဝန်ထမ်းအင်အား၊ ကွန်ပျူတာအင်အား လုံလောက်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစဉ်စနစ်တကျရှိရေးနှင့် သတ်မှတ်ရက်အတွင်း ပြီးမြောက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

အေးပပလှိုင်(ပြန်/ဆက်)