တကောင်း နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျော့ချရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကာ တကောင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၅)အုပ်စုမှ ပထမအကြိမ် ကာကွယ်ထိုးနှံသည့် ဒေသခံပြည်သူ (၂၁၃)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၈၇)ဦး အားထိုးနှံပေးခဲ့ပြီး ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများကိုလည်း ဦးစားပေး ဦးတည်အုပ်စု အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီရိအောင်