ပျော်ဘွယ် နိုဝင်ဘာ ၁၉
ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ ဦးလွင်နှင့် ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များက တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ဘဝသစ်အသင်းနှင့် Golden Brother အသင်းတို့ ဗိုလ်လုပွဲအားယှဉ်ပြိုင်ကစားကြကာ ဘဝသစ် အသင်းမှ (၆)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ တစ်ဦးချင်းဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစား သမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု တို့ကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဌ ဦးလွင် နှင့် တာဝန်ရှိသူများက ဆုဖလားနှင့်ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)